ဖခင်ဖြစ်သူက သူ၏ငါးမျှားကြိုးကို ရေကန်ထဲသို့ ပစ်ချလိုက်သည့်အခါ ၂ နှစ် သား အရွယ် သောမတ်စ်သည် သူ၏အရုပ်ငါးမျှားတံဖြင့် သူ့ဖခင်ပြုလုပ်သည့်အတိုင်း တုပကာ လိုက်လုပ်ခဲ့သည်။ ထို့နောက် ပေါင်းပင်ဒိုက်ပင်များကို “ဖမ်းဆုပ်ကာ ငါးကို ရေထဲသို့ပြန်ပစ်လိုက်သည့် ဖခင်ဖြစ်သူ၏ပုံစံကို တုပရန် သောမတ်စ် ကြိုးစား ခဲ့သည်။ ရေကန်၏ ရေတိမ်ပိုင်းအစွန်း၌ သူရပ်ကာ သူ၏ငါးမျှားတံကို ရေထဲသို့ နှစ်လိုက်ပြီး သောမတ်စ်သည် ပေါင်းပင်များကို “ဖမ်းဆုပ်”သည့် အကြိမ်တိုင်း၌ ထိုပေါင်းပင်များကို ရေထဲသို့ ပြန်လည်မပစ်ချမီ သူ၏ဖခင်နှစ်သက်သဘောကျစေရန်အတွက် ပေါင်းပင်များကို ကိုင်မြှောက်ထားခဲ့သည်။
အခြားသူများအား လေ့လာစောင့်ကြည့်ကာ အတုယူခြင်းဖြင့် ကောင်းမွန်သင့်မြတ်သည့်အရာနှင့် မကောင်းသည့်အရာနှစ်ခုစလုံးကို ကျွန်ုပ်တို့လေ့လာသင်ယူလေ့ရှိပါသည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ဧဝံဂေလိတရား၏သစ္စာရှိသော အစေခံအမှုဆောင်များကို စံနမူနာထားရန် သခင်ယေရှု၏နောက်လိုက်များကို မကြာခဏ တိုက်တွန်းခြင်းဖြစ်နိုင်သည်(၂ သက် ၃:၉၊ ဟေဗြဲ ၁၃:၇၊ ၃ ယော ၁:၁၁)။…
၁၉၅၇ ခုနှစ်က ဆရာကြီးဘီလီဂရေဟမ်၏ဧဝံဂေလိတရားပွဲအတွင်း သခင်ယေရှု၌ ယုံကြည်သူတစ်ဦးဖြစ်လာသော ဂျော့ဂျ်ဗာဝါ (George Verwer)၏အသက်တာမှာ အံ့မခန်းပြောင်းလဲခဲ့သည်။ သူပြောင်းလဲပြီး မကြာမီတွင် သူသည် (Operation Mobilization – OM) အိုအမ်အမှုတော်လုပ်ငန်းကို စတင်ခဲ့ပြီး၊ ၁၉၆၃ ခုနှစ်တွင် ထိုအမှုတော်လုပ်ငန်းမှ ဥရောပသို့ သာသနာပြု ၂၀၀၀ ကို စေလွှတ်ခဲ့သည်။ အိုအမ်သည် ၂၀ ရာစု၏ အကြီးမားဆုံး သာသနာပြု အဖွဲ့အစည်းတစ်ခုဖြစ်လာကာ နှစ်စဉ် ထောင်နှင့်ချီပြီး သာသနာပြုများကို စေလွှတ်နေပါသည်။ ၂၀၂၃ ခုနှစ် ဂျော့ဂျ် ကွယ်လွန်ချိန်၌ အိုအမ် သာသနာလုပ်ငန်းတွင် နိုင်ငံ ၁၃၄ နိုင်ငံမှ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်သည် နိုင်ငံ ၁၄၇ နိုင်ငံတွင် အလုပ်လုပ်နေကြပြီး၊ အိုအမ်နှင့် ဆက်သွယ်ဆောင်ရွက်မှု ရလဒ်အဖြစ် အခြားသောအမှုတော်လုပ်ငန်း ၃၀၀ နီးပါးကို တည်ထောင်နိုင်ခဲ့သည်။
ရှင်ပေါလုကဲ့သို့ပင်…
ကင်မ်(Kim)သည် ပြတင်းပေါက်နားတွင် ထိုင်ချကာ အိတ်ကို ထုပ်ပိုးပြီး စိတ်အားထက်သန်စွာဖြင့် သူ့ ဖခင်ကို စောင့်နေသည်။ တောက်ပသောနေ့သည် ညဘက်သို့ ကူးပြောင်းသွားသည်နှင့်အမျှ သူမ၏ စိတ်အားထက်သန်မှု လျော့ပါးသွားသည်။ သူနားလည်ပါပြီ။ ယနေ့မှာလည်း သူမ၏ဖခင် ရောက်မလာပါ။
ကင်မ် ၏မိဘများသည် ကွာရှင်းပြတ်စဲခဲ့ပြီး သူမသည် ဖခင်ဖြစ်သူနှင့် အချိန် ကုန်လွန်ချင်ခဲ့သည်။ ‘ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ ငါက သူ့အတွက် တကယ်ကို အရေးမကြီးဘူး။ သူငါ့ကို မချစ်ဘူး” ဟု သူတွေးမိသည်။
ကင်မ်သည် နောက်ပိုင်းတွင် ယေရှုကို သူမ၏ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးနည်းတူ — လောကရှိမိဘများနှင့် အခြားသူ များက ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့ကို ချစ်သော ကောင်းကင်ဘုံရှင်အဘတစ်ဦးရှိပြီး သူကတော့ ကျွန်ုပ်တို့အား စိတ်ပျက်စေမည် မဟုတ်ကြောင်း သိရှိလာခဲ့သည်။
သူ၏နာမည်ပါသော ကျမ်းစာသုံးစောင်နှင့် ဗျာဒိတ်ကျမ်းကို…
ဖိလစ်ဘရွတ် (Phillips Brooks)သည် ဗက်လင်မြို့သို့ သွားရောက်ပြီးနောက်တွင် လူအများ ချစ်မြတ်နိုးသော “ဗက်လင်မြို့ငယ်ကျူး” ခရစ္စမတ်တေး သီချင်းစာသားများကို ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံရှိ ဘုရားကျောင်းတစ်ခု၏ သင်းအုပ်ဆရာဖြစ်သူ ဘရွတ်သည် သူ့အတွေ့အကြုံကြောင့် အလွန် စိတ်နှလုံးတို့ထိခံခဲ့ရ၍ သူ၏ဆန်းဒေးစကူးကျောင်းသားများအတွက် “မှတ်မိ သေးတယ်။ ခရစ်စမတ်အကြိုနေ့မှာ ယေရှုဖွားမြင်တဲ့နေရာနဲ့နီးတဲ့ ဗက်လင်မြို့ ဘုရားကျောင်းဟောင်းမှာ ရပ်နေတုန်း၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ သိပ်ကောင်း တဲ့ ဓမ္မတေးသံတွေ ဘုရားကျောင်းထဲမှာ ပဲ့တင်ထပ်လို့၊ ကျွန်ုပ်ကောင်းကောင်းသိတဲ့အသံတွေက ကယ်တင်ရှင်မွေးဖွားတဲ့ အံ့ဩဖွယ်ညအကြောင်း အချင်း ချင်း ပြောနေသံကို ကျွန်ုပ် ကြားနေသလိုပါပဲ” ဟုရေးသားပေးပို့ခဲ့သည်။
၁၈၆၈ ခုနှစ်တွင် ဘရွတ်က သူ့အတွေးများကို ကဗျာအဖြစ်ရေးဖွဲ့ခဲ့ပြီး၊ သူ့ဘုရားကျောင်းမှ အော်ဂင်တီးသူက သံစဥ် ထည့်သွင်းပေးခဲ့သည်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်ပြီးနောက် မပြီးပြတ်သေးဘဲ ရှိနေဆဲအနိဌာရုံများကြားတွင် “ အို သိမ်ငယ်သော ဗက်လင်မြို့မှာ တိတ်ဆိတ်စွာ ရှိနေစဉ်ခါ၊...…
Kate Hankey (ကိတ် ဟန်ကီ) ကို လူအများစု မကြားဖူးကြပါ။ သို့သော် သူမသည် အာဂအမျိုးသမီးဖြစ်သည်။ သူမသည် ဆရာမ၊ ဧဝံဂေလိတရားဟောသူ၊ ကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်၊ သာသနာပြုနှင့် ကဗျာဆရာမတစ်ဉီးဖြစ်ပြီး ၁၈၀၀ ပြည့်နှစ်များ က အင်္ဂလန်တွင် သခင်ယေရှုကို သစ္စာရှိရှိအစေခံခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ကိတ်အား ရောဂါဆိုးတစ်ခု ကူးစက်ခဲ့သည်။ သူမ နာလန်ပြန်ထူလာစဉ် “လိုချင်ခဲ့သောဇာတ်လမ်း”နှင့် “ဖြစ်လာသောဇာတ်လမ်း” ဟူသည့် အပိုင်း(၂)ပိုင်းပါ ကဗျာရှည်ကို ရေးသားခဲ့သည်။ ကဗျာထဲတွင် သခင်ယေရှုနှင့် သူမကိုယ်တိုင်၏ ဆက်ဆံရေးနှင့် သခင်ယေရှု၏သက်တော်စဉ်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားဖော်ပြထားသည်။
သမ္မာကျမ်းစာသည် သခင်ယေရှုကို ဦးတည်၍ သူ၏ဇာတ်လမ်းကို ဖော်ပြသည်။ တမန်တော်ယောဟန်သည် စာဖတ်သူများအား သခင်ယေရှုနှင့် သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးသည်ကို သတိပေးလျက် သူ၏ဩဝါဒစာကို အစပြုခဲ့သည်။ “ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊…
ညစာစားပွဲဘေးတွင် ဝိုင်း၍ထိုင်နေကြစဉ် ၉ နှစ်အရွယ် ကျွန်မ၏မြေးယောကျ်ားလေးက “ကျွန်တော်က အဘွားနဲ့တူတယ်။ စာဖတ်တာကို နှစ်သက်မြတ်နိုးတယ်” ဟု ပြုံး၍ပြောပါသည်။ သူ့စကားကိုကြားသောအခါ ကျွန်မ အလွန်ဝမ်းသာမိသည်။ မနှစ်က သူနေမကောင်းဖြစ်ပြီး ကျောင်းသို့မသွားဘဲ အိမ်မှာနေခဲ့ရသည်ကို ကျွန်မသတိရမိသည်။ သူက အချိန်ကြာကြာ တစ်ရေးအိပ်ပြီးနောက် မြေးအဘွား နှစ်ယောက်သား ဘေးချင်းယှဉ်ထိုင်လျက် စာဖတ်ကြသည်။ ကျွန်မမိခင်ထံမှ လက်ခံရရှိခဲ့သော စာဖတ်ခြင်းကိုမြတ်နိုးသည့် အမွေအနှစ်ကို ကျွန်မ၏မြေးကလေးအား လက်ဆင့်ကမ်းပေးခွင့်ရသည့်အတွက် ကျွန်မ ပျော်ရွှင်ခဲ့ရသည်။
သို့သော်လည်း ယခုမြေးများကို ပေးသောအရာသည် ကျွန်မပေးချင်သည့် အရေးကြီးဆုံးသော အမွေအနှစ်တော့ မဟုတ်ပါ။ ကျွန်မ၏မိဘထံမှလက်ခံရရှိသော ယုံကြည်ခြင်းအမွေအနှစ်ကို သားသမီးထံ လွှဲပေးပြီး သူတို့မှတစ်ဆင့် မြေးများ ၎င်းတို့၏ယုံကြည်ခြင်းခရီးပန်းတိုင်သို့ လျှောက်လှမ်းသွားရာ၌ ပံ့ပိုးကူညီနိုင်အောင် လက်ဆင့်ကမ်း ပေးမည့် အမွေအနှစ်အတွက် ကျွန်မဆုတောင်းမိပါသည်။
တိမောသေသည် ဘုရားကို ဦးထိပ်ထားသော မိခင်နှင့်အဘွား၏ဝိညာဉ်ရေးရာ အမွေအပြင် ဆရာဖြစ်သည့်…
ကျွန်မတို့၏မြေးလေးယောက်သည် ကစားစရာ ရထားပုံစံငယ်ဖြင့် ဆော့ကစားနေစဉ် အငယ်နှစ်ယောက်က ရထားစက်ခေါင်းနှင့်ပတ်သက်၍ စကားများကြသည်။ (၈) နှစ်အရွယ် မြေးလေးက ကြားဝင် ဖျန်ဖြေရာ၊ (၆) နှစ်အရွယ် သူ့ညီမငယ်က “သူတို့ကြားဖြစ်တဲ့ကိစ္စအတွက် မပူနဲ့” ဟု ဝင်ပြောသည်။ များသောအားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ပညာရှိသောစကားပင်။ သို့သော် သူတို့၏အငြင်းအခုံက မျက်ရည်စက်လက် ဖြစ်လာသည့်အခါ အဖွားက ဝင်ပါရပြီး ငြင်းခုံနေသော ကလေးနှစ်ဦးကို ခွဲကာ ဖျောင်းဖျပေးရပါတော့သည်။
ဝင်ပါလိုက်ကာမှ အခြေအနေပိုဆိုးနိုင်၍ အခြားသူများ၏ကိစ္စ ကြားဝင် မရှုပ်ခြင်းက ကောင်းပါသည်။ သို့သော်လည်း ရံဖန်ရံခါ ဆုတောင်းခြင်းဖြင့် ဝင်ပါရန် လိုအပ်ပါသည်။ ဖိလိပ္ပိအသင်းတော်သို့ ရေးသားသောစာတွင် တမန်တော် ရှင်ပေါလုက မည်သည့်အချိန်၌ ပါဝင်ပတ်သက်ရမည်ကို ဥပမာဖြင့် ဖော်ပြထား သည်။ “သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်း” (၄:၂) ဧဝေါဒိနှင့်သုန္တုတ်ဟူသည့် အမျိုးသမီးနှစ်ဦးအား တမန်တော်ကြီးက တိုက်တွန်းနှိုးဆော်ထားသည်။…
ကျွန်မ၏မိခင်ကို နာတာရှည်ဆေးရုံ၌ တင်ထားရပြီး၊ လောက၌ သူမ၏နောက်ဆုံးနေ့ရက်များ နီးကပ်လာချိန်တွင် ဘိုးဘွားရိပ်သာမှ ပြုစုစောင့်ရှောက်ပေးသူ၏ စစ်မှန်သောကြင်နာမှုက ကျွန်မစိတ်ကိုတို့ထိခဲ့သည်။ လက်ထောက်သူနာပြုမလေးက ချည့်နဲ့နေသောကျွန်မမိခင်ကို ထိုင်ခုံမှ ညင်သာစွာမပြီး အိပ်ယာပေါ်တင်ပြီးနောက်၊ အမေ့ဦးခေါင်းကို ပွတ်သပ်ပေးပြီး ခေါင်းကို ငုံ့ကာ “အဖွားက သိပ်ချစ်စရာကောင်းတာပဲ” ဟု ပြောလေသည်။ ပြီးနောက် သူမက အဆင်ပြေရဲ့လားဟု ကျွန်မကို မေးသည်။ ထိုစဥ်က သူမ၏ကြင်နာမှုသည် ကျွန်မကို မျက်ရည်ကျစေခဲ့ပြီး ယနေ့ထိလည်း မျက်ရည်ကျရသည်။
သူမ၏လုပ်ရပ်သည် ရိုးရှင်းသောကြင်နာမှုလေးဖြစ်ပြီး၊ ထိုအချိန်၌ ကျွန်မ လိုအပ်သောအရာဖြစ်သည်။ ဤအမျိုးသမီး၏မျက်လုံးတွင် ကျွန်မမိခင်ကို လူနာအဖြစ်သာ မြင်သည်မဟုတ် ဟူသည့် အသိဖြင့် ကျွန်မရပ်တည်နိုင်ခဲ့သည်။ သူမသည် ကျွန်မမိခင်ကို ဂရုစိုက်ပြီး လေးစားတန်ဖိုးထားအပ်သူအဖြစ် မြင်ခဲ့သည်။
နောမိနှင့်ရုသတို့ ၎င်းတို့၏လင်ယောက်ျားများ ဆုံးရှုံးပြီးနောက်၊ ဗောဇသည် ရုသအား ကောက်ရိတ်သမားများ ကျန်ခဲ့သောစပါးများကို ကောက်သင်းကောက်ခွင့်ပြုခြင်းဖြင့် ကြင်နာမှုပြခဲ့သည်။…
ဧည့်သည်တရားဟောဆရာက ဘုရားသခင်ကို ယုံကြည်ကိုးစားလျက် “မြစ်ထဲသို့ခြေချခြင်း” အကြောင်းနှင့်ဆိုင်သည့် ဒဿနကို ဟောပြောခဲ့သည်။ သူက မိမိနိုင်ငံ၌ ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ထားသော်လည်း သမ္မာကျမ်းစာ၏ သမ္မာတရားများကို ဟောပြောရန် ရွေးချယ်ခဲ့သည့် ဘုရားသခင်ကို ကိုးစားသော သင်းအုပ်ဆရာတစ်ဦး အကြောင်း ပြောပြသည်။ ထိုသင်းအုပ်မှာ လူမျိုးဘာသာ ခွဲခြားဘက်လိုက်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ရက်သုံးဆယ် ကျခံခဲ့ရသည်။ သို့သော် သူ၏ အမှုကို အယူခံဝင်ခဲ့ပြီး၊ သူ၌သမ္မာကျမ်းစာကို ကိုယ်ပိုင်အနက်ဖွင့်ခွင့်နှင့် အခြားသူများအား လိုက်နာရန် တိုက်တွန်းပိုင်ခွင့်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်များသည် ရေထဲခြေချရမည်လား (သို့) ကမ်းပေါ်၌ နေရမည်လားကို ရွေးချယ်မှုပြုလုပ်ခဲ့ရသည်။ အဲဂုတ္တုပြည်မှ လွတ်မြောက်ပြီးနောက်၊ ဣသရေလလူမျိုးတို့သည် အနှစ်လေးဆယ် ပတ်လုံး တော၌လှည့်လည်ခဲ့ကြသည်။ ယခု၌ သူတို့သည် ရေလွှမ်းမိုးပြီး အလွန်အန္တရာယ်ရှိသော ယော်ဒန်မြစ်ကမ်းတွင် ရပ်နေကြ၏။ သို့သော် သူတို့သည်…
နုနယ်သေးသည့် ယုံကြည်သူဖြစ်စဉ်အခါက “ဘုရားထံမှ သိသာသော ဖွင့်ပြမှု ” ရရှိခံစားရချိန်သည် ရှင်ယေရှုနှင့်နီးပြီးသူနှင့်တွေ့နိုင်သောအထွတ်အထိပ်နေရာဟု ကျွန်မ ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ထိုအခိုက်အတန့်သည် ကြာရှည်မခံ၊ ကြီးထွားခြင်းသို့ မရောက်စေပါ။ စာရေးဆရာမ Lina AbuJamra (လီနာအဘူဂျမ်ရာ)က ကန္တာရကဲ့သို့သောနေရာများတွင်သာ ကျွန်မတို့ ဘုရားနှင့်တွေ့ပြီး ကြီးထွားနိုင်သည်ဟုပြောခဲ့သည်။ သူမ၏“ကန္တာရကိုဖြတ်၍” ဟူသောသမ္မာကျမ်းစာလေ့လာမှုတွင် “ကျွန်မတို့ရဲ့ဘဝမှာ ကန္တာရကဲ့သို့သောနေရာမျိုးကို အသုံးပြုပြီး၊ ကျွန်မတို့ ပိုမိုသန်မာ ခိုင်ခံ့စေဖို့ ဘုရားသခင် ရည်ရွယ်ထားတယ်။ ဘုရားရှင်၏ကောင်းမြတ်ခြင်းကို ကျွန်မတို့ရဲ့နာကျင်မှုများကြားမှာ လက်ခံရယူရန်ဖြစ်တယ်။ ထိုကောင်းမြတ်ခြင်းကို နာကျင်ခံစားမှုမရှိဘဲ သက်သေပြ၍ မရပါ”ဟု သူမက ရေးသားထားသည်။
ကြေကွဲဝမ်းနည်းမှု၊ ဆုံးရှုံးမှုနှင့် နာကျင်ရသည့် ခက်ခဲသည့်နေရာများ၌ ဘုရားသခင်က ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကြီးထွားလာရန်၊ သူနှင့်သာ၍နီးလာရန် ကူညီမစပါသည်။ လီနာသင်ယူခဲ့ရသကဲ့သို့ပင် “ကန္တာရသည် ဘုရားသခင်၏ အစီအစဉ်၌ သာမန်ကာလျှံကာ ပါလာခြင်း မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့၏…