Good Friday (မဟာသောကြာကြီးနေ့)က ဘာတွေကောင်းလဲ။ မကောင်းတဲ့နေ့၊ ဝမ်းနည်းဖွယ်သောကြာနေ့ဟု အဘယ်ကြောင့် မခေါ်သနည်း။ စင်စစ် ၎င်းသည် ဂုဏ်ပြုပွဲလုပ်ရသည့်နေ့ မဟုတ်ဘဲ၊ ဝမ်းနည်းပူဆွေးစွာ ဆင်ခြင်ရမည့် နေ့တစ်နေ့ဖြစ်သည်။ တစ်ခါတစ်ရံ၊ ဤနေ့ရက်ကို Holy Friday (သန့်ရှင်းသော သောကြာနေ့) ဟုလည်း ခေါ်ကြသည်။ ဂျာမနီနိုင်ငံတွင် Karfreitag(ခါဖရိုင်တာဂ်) (သို့) Sorrowful Friday (ဝမ်းနည်းစရာ သောကြာနေ့)ဟုခေါ်သည်။ သို့ဆိုလျှင် “ကောင်းသောနေ့”ဟု ခေါ်ဆိုသည့် ဓလေ့ကို မည်သို့ရခဲ့သနည်း။ အချို့က ၎င်းကို (God’s Friday) “ဘုရားသခင်၏ သောကြာနေ့”ဟုခေါ်သည့် ရှေးထုံးတမ်းစဉ်လာမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။
အမည်နာမ၏ဇာစ်မြစ် မည်သို့ပင်ရှိစေကာမူ ယေရှုအသေခံခဲ့သော သောကြာနေ့ကို “ကောင်းမြတ်ခြင်း” ဟုခေါ်ဆို ခြင်းသည် သင့်လျော်ဆဲဖြစ်သည်။ အနစ်နာခံသောမေတ္တာစိတ်ဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် သခင် ခရစ်တော်အသေခံခဲ့သည်။ ထို့ကြောင့် Good Friday က…
အဲလ်လန်နှင့်ကျွန်မတို့ ဘွဲ့လွန်ပညာရေးအတွက် ဖီလာဒယ်ဖီးယားမြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့စဥ်က ကျွန်မတွင် အလုပ်မရှိသလို၊ ကျောင်းအဆောင်ကိစ္စကို မည်သို့ဖြေရှင်းရမည်ကိုလည်း မသိခဲ့ပါ။ ပြောင်းရွှေ့မည့်နေ့ မတိုင်မီ တနင်္ဂနွေနေ့တစ်နေ့၌ ကျွန်မတို့အသင်းတော်မှ သူငယ်ချင်းတစ်ဦးက အဲလ်လန်တက်မည့် တက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုသူက ဈေးသက်သာသည့် တိုက်ခန်းအကြောင်းပြောပြပေးခဲ့သည်။ ၎င်းနောက် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ခရစ်ယာန်အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့အတွက် နေစရာနှင့် အလုပ်အကိုင်အပါအဝင် အခွင့်အလမ်းများကို သူ့လူများအားဖြင့် ဆုတောင်းချက်အဖြေပေးခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများကလည်း ပြောင်းရွှေ့ရာတွင် ကူညီပေးပြီး ဆုတောင်းခြင်းဖြင့် ဝန်းရံပေးကြသည်။
ဒေသနာကျမ်းဆရာက တစ်ယောက်တည်းဘဝကို မဖြတ်သန်းခြင်း၏အကျိုး ကျေးဇူးကို ရေးထားပါသည်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏”(၄:၉)။ လူနှစ်ဦး အလုပ်လုပ်လျှင် အလုပ်ပိုတွင်ပြီး အခက်အခဲရင်ဆိုင်ရလျှင်လည်း အချင်းချင်းကူညီနိုင်မည်၊ အဖော်ပြုနိုင်မည်၊ အန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်သည် (:၉-၁၁)။ ဆက်လက်ပြီး “သုံးလွန်းတင်သောကြိုး…
နှစ်ပေါင်းများစွာ ရုန်းကန်ဆုတောင်းအော်ဟစ်ပြီးနောက် ဖရန့်ခ် အရက်ဖြတ်ခဲ့သည်။ သူ့အသက်တာတွင် ဘုရားရှင်ပြုသည့်အမှုကြောင့် အရက်သေစာကို ဆက်လက်ရှောင်ပြီး တည်ကြည်ခဲ့သည်။ သို့သော် အရေးကြီးသော ပြောင်းလဲမှုအချို့ကိုလည်း သူလုပ်ခဲ့သည်။ အိမ်ထဲတွင် အရက်မထားတော့ဘဲ၊ သူ့အတွေးနှင့် စိတ်ခံစားချက်များ၌ သတိပေးသည့် အမှုအရာများကို စောင့်ကြည့်ပြီး၊ အချို့သောအခြေအနေများတွင် သတိရှိရှိ နေထိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး သွေးဆောင်မှု သို့မဟုတ် အပြစ်ကို အခွင့်မပေးရန် သူသိသည်။ နားလည်သည်။
တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅:၈)ဟု သတိပေးခဲ့သည်။ မိမိအသက်တာသည် သည့်ထက်ပို၍မကောင်းနိုင်တော့ဟု ထင်ခြင်း၊ (သို့) ဘဝကဏ္ဍတစ်ခုခုတွင် ငါဘယ်တော့မှ စုံစမ်းခြင်း ခံရမှာမဟုတ်ဟုထင်ခြင်း စသည့်မမျှော်လင့်သော အမှတ်တမဲ့အရာများဖြင့် မာရ်နတ်က မကြာခဏ တိုက်ခိုက်တတ်ခြင်းကြောင့် ကျွန်ုပ်တို့သတိထားရန် လိုအပ်ကြောင်း ပေတရုသိသည်။…
ကျွန်မ မအောင့်နိုင်တော့ပါ။ ကျွန်မတို့ဇနီးမောင်နှံသည် စတိုးဆိုင်မှ အခုလေးတင် ပြန်ရောက်လာပြီး၊ အထုတ်များချရင်း ဒိုးနတ်မုန့်ထုပ်ကို မတွေ့သဖြင့် ကျွန်မ အသည်းအသန်ရှာမိသည်။ ငွေလက်ခံဖြတ်ပိုင်းကို စစ်လိုက်ရာ၊ ဖြတ်ပိုင်း၌ မပါသဖြင့် ဒိုးနတ်မုန့် ပါမလာပါ။ “ကျွန်မ အလိုချင်ဆုံးက ဒိုးနတ်မုန့်လေ”ဟု စိတ်ပျက်လက်ပျက်နှင့် ကျွန်မညည်းမိသည်။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျွန်မခင်ပွန်းက ကျွန်မအား ဒိုးနတ်မုန့်ထုပ် ကမ်းပေးလာသည်။ ပြဿနာကို ဖြေရှင်းရန် ကျွန်မခင်ပွန်းသည် နှင်းကို အံတုလျက် ခိုးကြောင်ခိုးဝှက်ထွက်ကာ သွားပြန်ဝယ်ပေးခြင်းဖြစ်သည်။ “ကျွန်မရဲ့အာသီသကို ဖြည့်ဆည်းပေးဖို့ မုန့်ထွက်ဝယ်ပေးတာ ရှင်ဘာအထိအခိုက်မှမရှိလို့ ဝမ်းသာပါတယ်”ဟု ခင်ပွန်း၏လက်မောင်းကို ဆုပ်ကိုင်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်မိသည်။
ဒိုးနတ်ကို အာသီသပြင်းပြစွာ စားချင်စိတ်က တော်ယုံဖြစ်လေ့ဖြစ်ထမရှိပါ။ သို့သော် ယခုရက်သတ္တပတ်အတွင်း စိတ်ဖိစီးပြီး၊ ခံစားမှုမွန်းကြပ်သဖြင့် စိတ်ကို ဖြေသိမ့်ရန် ဒိုးနတ်ဘက်သို့ စိတ်ရောက်သွားခြင်းဖြစ်သည်။ သို့နှင့် ခင်ပွန်း၏ချစ်ခြင်း မေတ္တာနှင့်ကြင်နာမှုအားဖြင့် နက်ရှိုင်းသော…
နယူးယောက်မြို့လမ်းမပေါ်တွင် အသက်ရွယ်ကြီးရင့်သူတစ်ဦးသည် အားကစားလုပ်ရင်းပြေးနေစဉ်၊ အိမ်ခြေမဲ့တစ်ဦး၏အကူအညီတောင်းသည့် စာရေးထားသည့် ကတ်ပြားအနီးတွင် စုတ်ပြဲနေသော အားကစားဖိနပ်တစ်ရံကို သတိပြုမိသဖြင့် ရပ်လိုက်သည်။ သူသည် သူနှင့် အိမ်ခြေမဲ့သူ၏ဖိနပ်ဆိုဒ်တူကြောင်း တွေ့သောအခါ၊ သူ့ထက် အသက်ငယ်သော ထိုသူအား “ငါ့ဘဝတစ်လျှောက်လုံး ဘုရားသခင်က ငါ့အပေါ် အလွန်ကောင်းခဲ့ပြီး ကောင်းချီးများပေးခဲ့တယ်။ ဒါကြောင့် မင်းဆီကို ကောင်းချီး ပြန်လည်စီးဆင်းစေချင်ပါတယ်” ဟု အရင်ရှင်းပြ ပြီးမှ သူ၏ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပေးလိုက်ကာ ခြေဗလာနှင့် အိမ်သို့လမ်းလျှောက်ပြန်ခဲ့သည်။
ဤသူသည် ဘုရားသခင်က သူ့ကို ကောင်းစွာစောင့်ရှောက်ခဲ့သည့်အတွက် အခြားသူကို ကြင်နာမှုပြသခဲ့သကဲ့သို့၊ သခင်ယေရှုကို ယုံကြည်သူများအားလည်း “သနားစုံမက်ခြင်း...တို့ကို ယူတင်ဝတ်ဆောင်ကြ”ရန် (ကော၃:၁၂) ဘုရားသခင်စေစားသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်၊ ပြောဆိုသည်ဖြစ်စေ၊ “သခင်ယေရှု၏ နာမတော်ကိုထောက်၍” (:၁၇) လုပ်ဆောင်သင့်သည်။ သနားစုံမက်ခြင်းနှင့်အတူ “ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း”(:၁၂) စသည်တို့ကိုလည်း…
ကျွန်မငယ်စဥ်က “ကောင်းချီးရေတွက်ကျူး” ဓမ္မတေးကို နှစ်ခြိုက်လှသည်။ ထိုသီချင်းက ဒုက္ခဆင်းရဲခြင်းနှင့်စုံစမ်းခြင်းများ ခံစားရပြီး စိတ်ပျက်ဝမ်းနည်းနေသူများအား “ခံစားရာကောင်းချီးမင်္ဂလာ”များကို “တစ်ခုနောက်တစ်ခု”ရေတွက် ချီးမွမ်းရန် ခွန်အားပေးထားသည်။ နှစ်များစွာကြာပြီးနောက် ကျွန်မ၏ခင်ပွန်း အယ်လင်သည် သူစိတ်ဓာတ်ကျသည့်အချိန်တိုင်းလိုလိုတွင် ထိုသီချင်းကို ဆိုပြရန် ကျွန်မကိုပြောသည်။ သို့နှင့် သူ၏ကောင်းချီးများကို ပြန်လည်ရေတွက်ရန် ကူညီပေးနိုင်ခဲ့သည်။ ထိုသို့ပြုခြင်းက သူ၏ရုန်းကန်မှုများ၊ သံသယများမှ အာရုံလွှဲစေပြီး၊ ဘုရားသခင်ထံ ပြန်လည်အာရုံပြု၍ ကျေးဇူးတော်ချီးမွမ်းရာအကြောင်း ဖြစ်စေခဲ့သည်။
ဧဇရမှတ်စာ၌ ဘုရားသခင်၏လူများသည် ကိုယ်တော်၏တန်ခိုးတော်နှင့် မစထောက်ပံ့ခြင်းအားဖြင့် ကြီးစွာသောဆင်းရဲဒုက္ခများကို ရင်ဆိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗာဗုလုန်၌ နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးနောက်၊ ဣသရေလ လူမျိုးများအား ဣသရေလပြည်သို့ပြန်၍ ဗိမာန်တော် ပြန်လည်တည်ဆောက်ရန် ကုရုမင်း ခွင့်ပြုခဲ့သည်(ဧဇ ၁-၂)။ အမိမြေသို့ လူအနည်းငယ်မျှသာ ပြန်ခဲ့ကြပြီး၊ သူတို့ဝန်းကျင်ပတ်လည်ရှိ လူတို့ကို ကြောက်သော်လည်း၊ သူတို့ပြုရမည့်အမှုက ကြီးမားသော်လည်း ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်ကာ ဗိမာန်တော်အုတ်မြစ်ကို…
ဖခင်ဖြစ်သူ မထင်မှတ်ဘဲ ကွယ်လွန်ပြီး မကြာမီတွင် အာရွန်သည် သူ့အဖေ၏ အသက်တာကို အတိုရှင်းဆုံး ဖော်ပြထားသည့် အဓိပ္ပာယ်ကိုယ်စီရှိသည့် ဖခင်စုဆောင်းခဲ့သည့်ပစ္စည်း၊ ဓာတ်ပုံ၊ ကျောက်တုံး၊ စာအုပ်၊ အနုပညာလက်ရာများနှင့် အခြားပစ္စည်း အခု ၂၀ ခန့်ကို ပိုစတာအရွယ် ဓာတ်ပုံကူးပြီး ဘောင်တပ်ကာ သူ၏မိခင်အား လက်ဆောင်ပေးခဲ့သည်။ အာရွန်က ပစ္စည်းများကို ရက်အတန် ကြာမျှ စုဆောင်းစီစဉ်ပေးပြီးနောက် သူ့ညီမ ရေချယ်လ်က ဓာတ်ပုံရိုက်ယူခဲ့သည်။
ထိုလက်ဆောင်သည် သူတို့၏ဖခင်အား မြင်နိုင်သောပစ္စည်းများဖြင့် ချီးကျူး ဂုဏ်ပြုခြင်းဖြစ်သည်။ သူ့ဖခင်သည် မိမိကိုယ်ကိုစက်ဆုပ်မှု၊ဆေးစွဲမှုတို့ဖြင့် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ရသော်လည်း သူတို့အပေါ်ထားသည့် ဖခင်၏ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ သံသယ မဖြစ်စေခဲ့ပါ။ ဖခင်၏နောက်ဆုံး ဆယ်စုနှစ်ကာလများတွင် ဆေးစွဲသည့်ဘဝမှ ရုန်းထွက်နိုင်ခဲ့ခြင်းက ဘုရားသခင်၏ မေတ္တာတော်နှင့် အံ့ဩဖွယ်ကုသခြင်းတန်ခိုးတော်ကို သက်သေထူခဲ့သည်။
အနှစ်လေးဆယ်ကြာပြီးနောက် ဘုရားသခင်၏လူမျိုးများသည် ကတိတော်ထားရာပြည်သို့ ဝင်ရောက်ချိန်တွင် ယောရှုသည် ဣသရေလအမျိုး…
အသင်းတော်၏ဆောင်းရာသီ အားသစ်လောင်းအစီအစဥ်ကို အနီးဝန်းကျင်ရှိ စခန်းတစ်ခုတွင် ပြုလုပ်ရာ၊ သင်းအုပ်ဂျက်ဖ်သည် ကျွန်မသားနှင့်အတူ ပတ်ဝန်းကျင်ကို လျှောက်ကြည့်စဥ် သားက ဆရာကို တောအုပ်လမ်းလေးအတိုင်း ခေါ်သွားသည်။ စခန်း၏ ဝတ်ပြုဆောင်အပြင်ဘက်နေရာသို့ ရောက်သော်၊ ရုတ်တရက် ထိုနေရာတွင် ပဋိညာဥ်သေတ္တာတော်ကို တွေ့လိုက်ရသည်။ သေတ္တာတော်အစစ်တော့ မဟုတ်ပါ။ သို့သော် သေတ္တာ၏မူလအရွယ်အစားအတိုင်းကို ရွှေမင်ဆေးသုတ်ကာ ပုံတူလုပ်ထားသည်။ ၎င်းကို ဆရာ၏အားပေးမှုဖြင့် လွန်ခဲ့သောနှစ်များက ကျွန်မခင်ပွန်းပြုလုပ်ခဲ့ပြီး မကြာမီကမှ သားက အပြီးသတ်ပေးခဲ့သည်။ ဆရာမှာ အံ့ဩသွားသည်။
ဆရာမှာ အလွန်ကျေနပ်လျက် သေတ္တာတော်ကို သူတို့စခန်းချသည့် နေရာ၏ ထမင်းစားခန်းသို့ သယ်လာရန် အခြားသူများကို အမြန်အကူအညီတောင်းလိုက်သည်။ လူကြီးများက သေတ္တာကို သယ်လာစဥ် ဆရာ၏မြေးလေးနှစ်ဦးက လက်တွဲပြီး အနောက်မှ လိုက်ပါလာသည့်မြင်ကွင်းက ကြည်နူးစရာပင်။
သူ့လူတို့နှင့် ဘုရားသခင်၏အတူရှိခြင်းကို ပုံဆောင်သည့် ပဋိညာဥ်သေတ္တာ အစစ်ကို ၎င်း၏နေရာမှန် ဖြစ်သည့် ဒါဝိဒ်မြို့”(၂…
စိတ်ထိခိုက်ဆွတ်ပျံ့ဖွယ် Pilgrim: The Musical ဂီတပဒေသာတင်ဆက်မှုတွင် လီစာသည် သတ်မှတ်ထားသောနေရာတွင် ရပ်ကာ နားမကြားသူများအတွက် လက်သင်္ကေတ(Sign Language)ဖြင့် ဖျော်ဖြေမှုကို ခံစားမှုအပြည့်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။ ယင်းဇာတ်လမ်းမှာJohn Bunyan ၏ The Pilgrim's Progress (ဓမ္မခရီးသည်)စာအုပ်မှ လူတစ်ဦး၏ယုံကြည်ခြင်းခရီးကို အခြေခံထားသဖြင့် လေးနက်လှပြီး လီစာ၏ဘာသာပြန်ခြင်းမှာလည်း ထိမိလှသည်။
သူမဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ လီစာက “ဓမ္မခရီးသည်ကို တင်ဆက်ရခြင်းနဲ့ နားမကြားသူအတွက် ဘာသာပြန်ရတဲ့ အကြောင်းရင်းက လူတိုင်းဧဝံဂေလိတရားကို ကြားနိုင်ဖို့ဖြစ်တယ်။ နားမကြား သူတွေဟာ [အလွန်] လျစ်လျူရှုခံရတဲ့လူစုဖြစ်တယ်။ ပြီးတော့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ နားမကြားသူဦးရေရဲ့ ၂%အောက် လူနည်းစုကပဲ ယေရှုအကြောင်း ကြားသိရသေးလို့ နှလုံးကြေကွဲရပါတယ်”ဟု ပြောခဲ့သည်။ နားမကြားသူများ သခင်ယေရှုအကြောင်းသိနိုင်ရေးအတွက် သူမ၌ရှိသော ဆုကျေးဇူးကို လီစာ အသုံးပြုခဲ့သည်။
လီစာကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာကို သက်သေခံပြသရန်နှင့် အခြားသူများကို…
အဲလိယက်(Elliot)သည် တစ်ပါးသူများအား သခင်ယေရှုအကြောင်းကို ဝေမျှသက်သေခံရန် အလွန်စိတ်ထက်သန်သူ ဖြစ်သည်။ သူသည် တောင်အာရှနိုင်ငံမှ အသင်းတော် ခေါင်းဆောင်များအား တိမောသေဩဝါဒစာဒုတိယစောင်ကို တစ်ပတ်တာသင်ကြားပေးစဉ်အတောအတွင်း ရှင်ပေါလုမှ တိမောသေအား နှုတ်ဆက်မှာကြားခဲ့ပုံကို ဝေမျှခဲ့သည်။ ခေါင်းဆောင်များအား ဧဝံဂေလိသတင်းကောင်းကို ဝေမျှရာတွင် ရှက်ကြောက်ရန် မလိုဘဲ၊ ရှင်ပေါလုကဲ့သို့ ဧဝံဂေလိတရားအတွက် ဆင်းရဲဒုက္ခခံလျက် လုပ်ဆောင်ရန် သူတိုက်တွန်းခဲ့သည်။ ရက်အတန်ကြာတွင် ထိုနိုင်ငံ၌ ဧဝံဂေလိ လုပ်ဆောင်ခြင်း၊ ဘာသာကူးပြောင်းခြင်းကို တားမြစ်ထားသည့်အကြောင်းကို သူသိခဲ့ရ၍၊ ထိုခေါင်းဆောင်တို့သည် ဧဝံဂေလိတရားကို ဇွဲရှိရှိ၊ သတ္တိရှိရှိ ဆက်လက်ကြွေးကြော်ရန် သူတို့အတွက် အလွန်ပူပန်သောစိတ်နှင့် အဲလိယက် ဆုတောင်းပေးခဲ့သည်။
ဧဝံဂေလိသတင်းကောင်းကို ဝေမျှပြောကြားရာတွင် များစွာအန္တရာယ်ရှိကြောင်း ရှင်ပေါလုသိသည်။ သူ့အနေနှင့် အကျဉ်းကျခံခဲ့ရပြီး(:၈၊ ၁၆)၊ သူ၏ဟောပြောသွန်သင်မှုများကြောင့်(:၁၁-၁၂) ရိုက်နှက်ညှဥ်းပန်းမှုများ၊ ခဲနှင့်အပစ်ခံရမှုများ စသည်ဖြင့် အခြားအခြားသော ဒုက္ခအခက်အခဲများစွာကိုလည်း ကြုံခဲ့ရသည် (၂ ကော ၁၁:၂၃-၂၉ ကို…